🚀 GED, SAT, IGCSE: အနာဂတ်ကို တည်ဆောက်မယ့် အွန်လိုင်းလမ်းညွှန်သင်တန်း 🚀
🌟 ဘယ်သူတွေအတွက်လဲ
ဒီသင်တန်းက ထိုင်းနိုင်ငံမှာ နေထိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေ ဖြစ်တဲ့ GED၊ SAT ဒါမှမဟုတ် IGCSE တွေကို ဖြေဆိုဖို့ ရည်ရွယ်ထားတဲ့ မြန်မာညီအစ်ကို မောင်နှမတွေအတွက် အထူးပဲ ရည်ရွယ်ပါတယ်။
📌 သင်တန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ
ကမ္ဘာပေါ်က နာမည်ကြီး တက္ကသိုလ်တွေနဲ့ ကောလိပ်တွေရဲ့ တံခါးတွေကို ဖွင့်ပေးမယ့် ဒီစာမေးပွဲကြီး (၃) ခုလုံးအတွက် လိုအပ်တဲ့ သင်ယူမှုတွေကို Moodle ပေါ်မှာ တစ်နေရာတည်း ကနေ စုစည်းပြီး အကောင်းဆုံး ပြင်ဆင်ပေးဖို့ပါ။
🎯 ဘာတွေပါဝင်မလဲ
၁။ GED (High School Equivalency) အတွက် ပြင်ဆင်ခြင်း : အထက်တန်းအောင်လက်မှတ် မရှိသေးသူတွေအတွက် တက္ကသိုလ် ဆက်တက်နိုင်မယ့် လမ်းပွင့်အောင် Social Studies, Science, Math, RLA (English) စတဲ့ ဘာသာရပ်တွေကို Exam Format အတိုင်း သင်ကြားပေးပါမယ်။
၂။ SAT (College Entrance Exam) အတွက် ပြင်ဆင်ခြင်း : အမေရိကန်နဲ့ တခြားနိုင်ငံတကာ တက္ကသိုလ်တွေ တက်ဖို့ လျှောက်ထားတဲ့အခါ အရေးပါဆုံး စာမေးပွဲပေါ့။ အဓိကဖြစ်တဲ့ Evidence-Based Reading and Writing (EBRW) နဲ့ Math ပိုင်းကို စာမေးပွဲ နည်းစနစ်တွေ၊ အချိန်ကို ဘယ်လို စီမံရမယ်ဆိုတဲ့ Tips တွေနဲ့ လေ့ကျင့်ပေးပါမယ်။
၃။ IGCSE (International Qualification) အတွက် ပြင်ဆင်ခြင်း : ကမ္ဘာ့အဆင့်မီ Secondary Education အတွက် လိုအပ်တဲ့ Math, English, Science စတဲ့ ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်တွေကို လိုအပ်တဲ့ အခြေခံကစပြီး လေ့ကျင့်ပြင်ဆင်ပေးပါမယ်။
✨ ဘာကြောင့် ဒီ Moodle Class ကို တက်သင့်တာလဲ
အားနည်းချက် ဖြည့်ပေးမယ်: စာမေးပွဲတွေက အင်္ဂလိပ်လိုဖြစ်ပေမဲ့ သင်ခန်းစာ ရှင်းပြတာတွေ၊ ရှုပ်ထွေးတဲ့ သဘောတရားတွေကို မြန်မာလို ရှင်းရှင်းလင်းလင်း ပြန်ရှင်းပြပေးတာကြောင့် နားလည်ရ ပိုလွယ်ကူစေမှာပါ။
အချိန်ကို ကိုယ်တိုင်စီမံ: အလုပ်ရှိလို့၊ တခြားကျောင်းတက်နေရလို့ စာသင်ချိန်နဲ့ အဆင်မပြေဘူးဆိုရင်တောင် Moodle မှာရှိနေတော့ ကိုယ်အားတဲ့အချိန် ကိုယ်လိုချင်တဲ့ အပိုင်းကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီး လေ့လာနိုင်ပါတယ်။
Exam Tips & Tricks: စာမေးပွဲမှာ အမှတ်များများရဖို့အတွက် လိုအပ်တဲ့ စာမေးပွဲဖြေနည်း နည်းလမ်းကောင်းများ ကိုပါ လက်တွေ့ကျကျ မျှဝေပေးသွားပါမယ်။
🔥 အတူတူ လက်တွဲကြိုးစားပြီး နိုင်ငံတကာ ပညာရေးလောကကို စတင် ဝင်ရောက်ကြစို့! 🔥